၇-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၃၁-၁-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၁၀၀၀၀/-)၊နှမ်းဖြူ(၇၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀၀/-)(၁၂၀၀၀/-)၊ နှမ်းနီ (၇၀၀၀/-) ၊ နှမ်းညိုကြား (၅၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၅၀ မှ ၁၅၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာယခင် (၃၁-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၀၀/-)၊ ပဲလွန်း (ဝါ)သေး(၅၀၀/-)၊ ကုလားပဲ (929) ( ၂၀၀/- ) ၊ ကုလားပဲသေး( ၅၀၀/- )ပဲထောပတ် (၄၃၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၂၁၀၀/-)၊ ပဲစဉ်းငုံ (ဟောင်း) (၂၀၀၀/-) ၊မတ်ပဲ(၁၀၀၀/-) စားတော်ပဲ(၅၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၃၁-၁-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၆၀၀/) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၂၀၀/-)ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၃၁.၁.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၃၁.၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင် တွင် ယခင် ( ၃၁-၁-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စမုံရှယ်(၁၅၀၀/-) ၊ စမုံပုံမှန်(၅၀၀၀/-)၊ပဲစဉ်းငုံ 2020 (၇၀၀/-)၊ကုလားပဲ(929)(၇၀၀/-)၊ပဲနောက် စိမ်းသေး(၅၀၀/-) ကျပ် စျေး ကျပြီး ၊ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်း မျိုးစုံ (၁၀၀) အိတ်၊ ပဲမျိုးစုံ(၃၀၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၃၁-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲနီ လုံးဆံ(၁၀၀/-)ကျပ်စျေးတက်ကာစားအုန်းဆီ (၁၄၀/-)၊ ၊မတ်ပဲ(၂၀၀၀/-)၊ပဲလွန်ပြာ (၃၅၀၀/-) ၊ ကုလားပဲ (HL) ( ၇၀၀/- ) ၊ ကုလားပဲ (929) ( ၇၀၀/- ) ၊ ကုလားပဲ (V2) ( ၇၀၀/- ) ၊ ပဲပုတ် (၁၅၀၀/-) ၊ ပြောင်းဖူးစေ့( CP ) (၃၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။